Bring Out Your Teaching Ideas to Life.
Nyein Chan A.V.A Technologies သည် (၂၀၀၁)ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး Audio Language Lab. နှင့် ရူပဗေဒ သိပ္ပံလက်တွေ့ သင်ထောက်ကူပစ္စည်းများကိုထုတ်လုပ်ဖြန့်ချီခဲ့သည်။ (၂၀၁၃)ခုနှစ်တွင် သင်ကြားရေးဆရာများ တောင်းဆိုမှုကြောင့် ဓါတု၊ ဇီ၀ နှင့် သဘာဝသိပ္ပံဆိုင်ရာလက်တွေ့ခန်းသုံး ပစ္စည်းများကိုပါ တစ်နေရာတည်းတွင်စုံလင်စွာ ရရှိနိုင်အောင် တိုးချဲ့ရောင်းချပေးခဲ့ပါသည်။ NCAVA မှထုတ်လုပ်ဖြန့်ဖြူးရောင်းချသောပစ္စည်းများကို တက္ကသိုလ်ကောလိပ်များ၊ International Schools များ၊ အခြေခံပညာကျောင်းများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြသည်။ NCAVA သည် ဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ ၊နှစ်ပေါင်း (၃၀)ကျော်အတွေ့အကြုံရှိသော ဒီဇိုင်းပညာရှင်များ၊ ကျွမ်းကျင်သောထုတ်လုပ်ရေး ၀န်ထမ်းများဖြင့်ဖွဲ့စည်းထားသော လုပ်ငန်းဖြစ်သည်။ သို့ဖြစ်သောကြောင့် သင်ကြားရေးဆရာများလိုအပ်နေသော သင်ရိုးနှင့်ကိုက်ညီသော ခေတ်မှီသင်ထောက်ကူပစ္စည်းများစွာကို ထုတ်လုပ်ပေးနိုင်ခဲ့သည်။ NCAVA မှထုတ်လုပ်သော ပစ္စည်းများသည် ရောင်းချပြီးနောက်ပိုင်းတွင်လည်း service ပေးနိုင်ခြင်း၊ နည်းပညာများ မျှဝေပေးခြင်းတို့ကြောင့် သင်ကြားရေးဆရာများ၏ ထောက်ခံမှုကိုရရှိခဲ့သည်။ စျေးနှုန်းသင့်တင့်ပြီး အမှန်တကယ်အသုံးချ၍ရသော သင်ထောက်ကူပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးရန်မှာ NCAVA ၏ရည်ရွယ်ချက်ဖြစ်သည်။
NYEIN CHAN A.V.A TECHNOLOGIES
Nyein Chan A.V.A Technologies သည် (၂၀၀၁)ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး Audio Language Lab. နှင့် ရူပဗေဒ သိပ္ပံလက်တွေ့ သင်ထောက်ကူပစ္စည်းများကိုစတင် ထုတ်လုပ်ဖြန့်ချီခဲ့သည်။ ၂၀၀၁ မှ ၂၀၁၀အတွင်း အထက်မြန်မာပြည်ရှိ တက္ကသိုလ်ကောလိပ်များနှင့် အခြေခံပညာကျောင်းပေါင်းများစွာကို Audio Language Lab. များတပ်ဆင်ပေးနိုင်ခဲ့ပါသည်။ NCAVA မှ တပ်ဆင်ပေးသော Language Lab. များသည် အသံပိုင်းဆိုင်ရာ Quality ကောင်းမွန်ခြင်း ၊ အသုံပြုရတာလွယ်ကူရှင်းလင်းခြင်း၊ After Sale Service ကောင်းခြင်းတို့ကြောင့် အသုံးပြုသော ဆရာ ဆရာမများ၏ ကျေနပ်နှစ်သက်မှုများစွာရရှိခဲ့ပါသည်။
အခြေခံကျောင်းများအတွက်လိုအပ်သော ရူပဗေဒ သင်ထောက်ကူပစ္စည်းများထုတ်လုပ်ဖြန့်ချီရာတွင်လည်း အထက်တန်းရူပဗေဒ အတွက်ထုတ်လုပ်ပေးခဲ့သော (Logic Gate teaching aids) မှာ သင်ကြားရေးဆရာများ၏ ထောက်ခံအားပေးမှုများစွာရရှိကာ မြန်မာနိုင်ငံအနှံ့ကျောင်းပေါင်းများစွာကို ပို့ဆောင်ရောင်းချခဲ့ရပါသည်။ NCAVA သည် ဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ ၊နှစ်ပေါင်း (၃၀)ကျော်အတွေ့အကြုံရှိသော နည်းပညာဒီဇိုင်းပညာရှင်များ၊ ကျွမ်းကျင်သောထုတ်လုပ်ရေး ၀န်ထမ်းများဖြင့် ဖွဲ့စည်းထားသောကြောင့် သင်ကြားရေးဆရာများလိုအပ်နေသော သင်ရိုးနှင့်ကိုက်ညီသော ခေတ်မှီသင်ထောက်ကူပစ္စည်းများစွာကို ထုတ်လုပ်ပေးနိုင်ခဲ့သည်။
၂၀၁၃ ခုနှစ်တွင် သင်ကြားရေးဆရာများ တောင်းဆိုမှုကြောင့် ဓါတုဗေဒ၊ ဇီ၀ဗေဒ နှင့် သဘာဝသိပ္ပံဆိုင်ရာလက်တွေ့ခန်းသုံး ပစ္စည်းများကိုပါ တစ်နေရာတည်းတွင်စုံလင်စွာ ရရှိနိုင်အောင် တိုးချဲ့ရောင်းချပေးခဲ့ပါသည်။ NCAVA မှထုတ်လုပ်ဖြန့်ဖြူးရောင်းချသောပစ္စည်းများကို တက္ကသိုလ်ကောလိပ်များ၊ International Schools များ၊ အခြေခံပညာကျောင်းများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြသည်။
NCAVA မှထုတ်လုပ် တင်သွင်းသော လက်တွေ့ပစ္စည်းများသည်ဈေးကွက်အတွင်းသို့ မရောင်းချမီ သက်ဆိုင်ရာ သင်ကြားရေးဆရာများနှင့် သင်ထောက်ကူများ၏ ကွာလတီကို စမ်းသပ်စစ်ဆေးစေပြီး အရည်အသွေးပြည့်မီသော လက်တွေ့ပစ္စည်းများကိုသာ ထုတ်လုပ်ရောင်းချပါသည်။ NCAVA မှထုတ်လုပ်သောပစ္စည်းများကို ရောင်းချပြီးနောက်ပိုင်းတွင်လည်း Service ပေးနိုင်ခြင်း၊ နည်းပညာများ မျှဝေပေးခြင်းတို့ကြောင့် သင်ကြားရေးဆရာများ၏ အားပေးထောက်ခံမှုကိုရရှိခဲ့သည်။ စျေးနှုန်းသင့်တင့်ပြီး အမှန်တကယ်အသုံးချ၍ရသော သင်ထောက်ကူပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးရန်မှာ NCAVA ၏ရည်ရွယ်ချက်ဖြစ်သောကြောင့် ပိုမိုကောင်းမွန်သော သင်ထောက်ကူပစ္စည်းများ ထုတ်လုပ်နိုင်ရန် အစဥ်အမြဲ ကြိုးစားသွားပါမည်။
Please do contact us with any information or enquiry at
Contact Us
Phone: (+95 )9 962 008826 Viber Phone : 09258365136 Email : info@nyeinchanava.com
Address : No.(199/10),33(B)Street, Between 73rd-74th Road. Mandalay